“မတ္တရာဒေသတွင် နွေစပါးများလှိုင်လှိုင်ထွက်ပေါ်”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် နွေစပါးလျာထားဧက (၄၃၅၀၂) ဧက လျာထားခဲ့ပြီး (၄၆၇၇၇) ဧက စိုက်ပျိုးနိုင်ခဲ့၍ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည် ။ နွေစပါးကို ဧပြီလမှာစိုက်ပျိုးကြပြီး ဇွန်လဆန်းပိုင်းမှာ စတင်ထွက်ရှိကာ ယခုအခါလှိုင်လှိုင်ပေါ်ထွက်နေပြီး ဇူလိုင်လယ်အထိ စပါးရိတ်သိမ်းဧက (၁၀၅၉၀) ဧက ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၁၀၅.၇၉) တင်း ၊ အထွက်နှုန်းစုစုပေါင်း (၁၁၂၀၃၆၅) တင်း ထွက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ ကျန်ရှိဧကများကိုလည်း ဆက်လက်ရိတ်သိမ်းနေပြီ ဖြစ်ပါသည်။

          ဆန်စပါးစျေးကွက်အနေဖြင့် နွေစပါးစတင်ထွက်ပေါ်စ ဇွန်လလယ်တွင် ၄၆ ပေါင်ကိုက်စပါးတင်း း(၁၀၀ )လျှင် မနောသုခ၊ ရက် (၉၀) ၊ ရက် (၁၁၀) စပါးစျေးမှ ာ(၈၅၀၀၀၀/-) ကျပ်အထိ အမြင့်စျေးနှင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဆန် (၂၄) ပြည် တစ်အိတ်လျှင် မနောသုခ (၃၀၀၀၀/-) ကျပ်၊ ရက် (၉၀)၊ ရက် (၁၀၀) (၃၁၀၀၀/-) ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခုအခါ နွေစပါးများလှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်သဖြင့် စပါးအစို၊အခြောက်ပေါ်မူတည်ပြီးရောင်းဝယ်လျက်ရှိရာ ဇူလိုင်လလယ်တွင် ရက် (၉၀)၊ရက် (၁၀၀) စပါးတင်း (၁၀၀) လျှင် (၇၂၀၀၀၀-၇၅၀၀၀၀) ကျပ် ၊ ရက် (၉၀)၊ ရက် (၁၀၀) ဆန်တစ်အိတ်လျှင် (၂၈၅၀၀-၂၉၀၀၀/-) ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင်နှစ်နွေစပါး လှိုင်လှိုင်ပေါ်ချိန်တွင် ရက် (၉၀)၊ ရက် (၁၁၀) စပါးတင်း (၁၀၀) လျှင် (၆၀၀၀၀၀-၆၅၀၀၀၀) ကျပ်၊ ရက် (၉၀)၊ ရက် (၁၁၀) ဆန်တစ်အိတ်လျှင် (၂၃၀၀၀/-) ကျပ်မှ (၂၅၀၀၀/-) ကျပ်စျေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။နွေစပါး ရက် (၉၀)၊ ရက် (၁၀၀) စပါးမျိုးများမှာ ဒေသစားသုံးဆန်မဟုတ်သည့်အတွက် စျေးကွက်ပေါက် စျေးအတိုင်း ရောင်းချရခြင်းဖြစ်ပြီး မန္တလေးပွဲရုံ၊ကုန်သည်စျေးကွက်သို့သာ အဓိကတင်ပို့ရောင်းချရပြီး နွေစပါးများ လှိုင်လှိုင်ပေါ်၍ စျေးနှုန်းကျဆင်းခဲ့သော်လည်း ယခင်နှစ်စပါးစျေးထက်စျေးကောင်းရ၍ အရောင်းအဝယ်သွက်လျက်ရှိပါကြောင်း စက်ပိုင်၊ ကုန်သည်၊ ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)