မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

Powered by Drupal

            မကွေးတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ) နှင့် ဦးလင်းကိုကိုဖြိုး (ရုံးအကူ) တို့သည် (၂၅.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀း၀၀) အချိန်တွင် မကွေးကုန်စည်ဒိုင်၌ တောင်သူနှင့်ကုန်သည်များ၏ ဒေသထွက်ကောက်ပဲသီးနှံများ ရောင်းဝယ်ဖောက်ကားနေမှုကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ယခင်က တောင်သူတစ်ဦး ကုန်ပစ္စည်းရောင်းချင်လျှင် ပွဲရုံသို့သွား၍ စျေးစုံစမ်းပြီးမှ ရောင်းချရကြောင်း၊ အချိန်ကုန်၊ လူပင်ပန်းပြီး ယခုအခါ ကုန်စည်ဒိုင်တွင် စုဝေးရောင်းချနိုင်ပြီးဖြစ်သဖြင့်  စျေးနှုန်း၊ အလေးချိန်  စိတ်ချလာရပြီဖြစ်ကြောင်း၊ ကုန်စည်ဒိုင်တွင်  စျေးကွက်ပေါက်စျေးများအား  လေ့လာနိုင်ပါကြောင်း၊  မှန်ကန်သောစျေးနှုန်းများဖြင့်  ဝယ်ယူနိုင်အောင်  စီစဉ်ထားကြောင်းနှင့်  ယခင်နှစ်က Covid-19 ကပ်ရောဂါကြောင့်  ကျင်းပနိုင်ကြောင်း မကွေး ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးကျော်ထွန်းမှ ပြောကြားခဲ့ပါသည်။

            ကုန်စည်ဒိုင်၌ ကုန်သည်များသည် ကောက်ပဲသီးနှံပစ္စည်းများကို စျေးနှုန်းနှင့်ရောင်းလိုသည့်အိတ်၊ အရေအတွက်များဖြင့် နမူနာများဖြင့် ခင်းကျင်းပြသထားပါသည်။ ယနေ့အရောင်းအဝယ်ဖြစ်သောကောက်ပဲသီးနှံများမှာ နှမ်း (၉၂၅) အိတ်၊  ကုလားပဲ (၃၀) အိတ်၊ ကုလားပဲ (929) (၃၅၀) အိတ်၊ ကုလားပဲ (HL) (၅၀၀) အိတ် ရောင်းချရကြောင်း သိရှိရပါသည်။ အရောင်းအဝယ်ဖြစ်သော နှမ်းမျိုးများမှာ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်းဒေသတို့မှ ထွက်ရှိသည့် ရေသွင်းနှမ်းမျိုးဖြစ်ကြောင်း သိရှိရပါသည်။

            ယနေ့ မကွေးကုန်စည်ဒိုင်၌ နှမ်းစျေးနှုန်းများမှာ နှမ်းနက်စမုံ (အဟောင်း) (၁) တင်းလျှင် (၆၄၉၅ဝိ/-)၊ နှမ်းဖြူ (အဟောင်း) (၁) တင်းလျှင် (၆၄၉၅ဝိ/-)၊ နှမ်းနီ (အညို) (၁) တင်းလျှင် (၆၄၅၀ဝိ/-)၊ နှမ်းဖြူ (ဂျပန်) (၁)တင်းလျှင် (၇၅၆၀ဝိ/-) ‌စျေးနှုန်းများရှိ‌ကြောင်းသိရှိရပါသည်။ နှမ်းများကိုဝယ်ယူရာတွင် အက်စစ်ဓာတ်တိုင်းတာခြင်းနှင့် အစိုဓာတ်များရှိ/ မရှိ ကြည့်ရှု၍ဝယ်ယူကြောင်း းသိရှိရပါသည်။ ယနေ့အရောင်းအဝယ်ပွဲကို ပွဲစားကုန်သည်လူဦးရေ (၅၀) ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)