ဓနုဖြူဆန်စက်များသို့ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်အတူ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     (၁၂-၆-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်  ဓနုဖြူမြို့နယ်အတွင်း တည်ရှိသည့် ဆန်စက်(၁၆)စက်အား  စားသုံးသူရေးရာဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါစစ်ဆေးမှုတွင် ဦးဝင်းမင်းစိုး စားသုံးသူရေးရာဦးစီးဌာနက က စက်မှထုတ်လွှတ်သော အမှုန်အမွှားများ၊ စွန့်ပစ်ရေများ၊ (Gasifier) ၏ လည်ပတ်မှုအခြေအနေ၊ အပူချိန်ထုတ်လွှတ်မှုနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်မှု မရှိစေရေး၊  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနက သန့်ရှင်းသော ဆန်စက်များ ပေါ်ထွန်းလာစေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများကို လေးထားဆောင်ရွက်ရန်နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အထောက်အပံ့ဖြစ် ပေါ်လာစေရန်၊ ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ရပ်ရွာလူထုမှ မျှဝေလိုက်နာဆောင်ရွက်ရန် စသည့်အချက် များဖြင့် ရည်ရွယ် အခြားလိုအပ်သည်များကို သတ်မှတ်စံချိန်စံနှုန်းများ အတိုင်း စိစစ်စစ်ဆေးခဲ့ပြီး၊ စက်ရုံမှ တာဝန်ရှိသူများအား လိုအပ်သောအကြံပြုချက်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)