မစန်းဌေး ကုန်စုံဆိုင်အားဈေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာနသည် (၉.၆.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့၊ မြို့မစည်ပင် သာယာဈေးအတွင်းရှိ မစန်းဌေး ကုန်မျိုးစုံအရောင်းဆိုင်အား အသင့်စား ခေါက်ဆွဲခြောက်ထုပ်များ ရောင်းချမှုကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ရောင်းချ သောကုန်စည်များတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ကုန်စည်များသာရောင်းချစေရေး၊ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည် များရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ခေါက်ဆွဲခြောက်အထုပ်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)