
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည် များနှင့်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိ ပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်း ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် (၉.၆.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့၊ မြို့မစည်ပင်သာယာ ဈေးအတွင်းရှိ မမာဆွေ ကုန်မျိုးစုံအရောင်းဆိုင်အား အသင့်စားခေါက် ဆွဲခြောက်ထုပ်များရောင်း ချမှုကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ရောင်းချသော ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများနှင့် ကိုက်ညီသော ကုန်စည်များသာရောင်းချစေရေး၊ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ခေါက်ဆွဲခြောက်အထုပ်များကိုသာ ရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံ စိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ် ဈေး ကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)