
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းရှိ စက်မှုကုန်ထုတ်လုပ်ငန်းများ၏ လည်ပတ်နိုင်မှုအခြေအနေ များကို မိတ္ထီလာမြို့ စက်မှုဇုန်ရှိ ဂွမ်းဖွစက်ရုံများသို့ သက်ဆိုင်ရာဌာနများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သရဖူဂွမ်းဖွစက်ရုံမှ ခေါင်းအုန်း၊ ဖတ်လုံး၊ မွေယာများကို ထုတ်လုပ်လျက်ရှိပြီး တစ်ရက်လျှင် ခေါင်းအုံး(၃၀၀)လုံး၊ ဖတ်လုံး(၂၀၀)လုံး၊ မွေ့ယာ(၁၀)ခု ခန့်ထုတ်လုပ်နိုင်ပြီး စက်ရုံအတွက်လိုအပ်သော ကုန်ကြမ်းကို သဖန်း၊ မလှိုင်၊ ရန်ကုန်မြို့များမှဝယ်ယူရကြောင်း၊ လက်ရှိဈေးနှုန်းအနေဖြင့် ခေါင်းအုံးတစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ဖတ်လုံးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ မွေ့ယာတစ်ခုလျှင်(၃၅၀၀၀-၄၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းအပြင် တောင်ကြီး၊ ကလော၊ အောင်ပန်းမြို့များသို့ အဓိကတင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)