“ကြက်သွန်နီစျေးငြိမ်နေပြီး နယ်ဝေးတင်ပို့မှုပုံမှန်ရှိနေ”

Powered by Drupal

          မိတ္ထီလာစျေးကွက်အတွင်း ကြက်သွန်နီစျေးငြိမ်နေပြီး နယ်ဝေးတင်ပို့မှု ပုံမှန်ရှိကြောင်း သိရ သည်။ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိတ္ထီလာမှ ရန်ကုန်သို့ (၁) ရက်လျှင် (၁၂)ဘီး ကားတစ်စီး ဝန်းကျင်၊ ပဲခူးသို့ (၆)ဘီးကား (၂) စီး ဝန်းကျင်နှင့် မော်လမြိုင်သို့ တစ်ပတ်အတွင်း(၂) စီးခန့်တင်ပို့ခဲ့ ကြောင်းသိရသည်။မလှိုင်မှ မြဝတီသို့တွဲကား(၂) စီးတင်ပို့ခဲ့ပြီး ကုန်တင်ခမှာ တစ်ပိဿာလျှင် ရန်ကုန် သို့ (၁၀၀ိ/-)၊ ပဲခူးသို့ (၉၀ိ/-)နှင့် မော်လမြိုင်သို့ (၁၀၀ိ/-)(၁၆၀ိ/-) ရှိကြောင်း သိရသည်။ ကြက်သွန်နီ လက်ရှိပေါက်စျေးမှာ လက်ကားစျေး တစ်ပိဿာလျှင် (၁၅၀၀) ကျပ် စျေးငြိမ်နေကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)