
ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ (၁၈.၆.၂၀၂၅) ရက်နေ့၊ ံနက်က (၁၁:၀၀) အချိန်တွင် သောင်ကြီးကျေးရွာ၊ ဗောဓိကုန်းရပ်ရှိ Nine 4-1 သောက်ရေသန့် စက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြထားရှိမှု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ ဖြန့်ဖြူးမှုဈေးကွက်ဈေးနှုန်းနှင့် ထုတ်လုပ်နိုင်မှု အခြေအနေရောင်းအားတို့အား ဆွေးနွေးမေးမြန်းပြီး ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)