ကျုံပျော်မြို့နယ်ရှိ သောက်ရေသန့် စက်ရုံများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ  မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၈.၆.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၁:၀၀) အချိန်တွင်  သပြေငူကျေးရွာရှိ Good Health သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုအခြေအနေ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာဖော်ပြထားရှိမှု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ ဖြန့်ဖြူးမှုဈေးကွက်ဈေးနှုန်းနှင့် ထုတ်လုပ်နိုင်မှုအခြေအနေရောင်းအားတို့အား ဆွေးနွေး မေးမြန်းပြီး ဈေးကွက်မရောက်မီ ကုန်ပစ္စည်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)