
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှု၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုတို့ဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ ၂၃.၆.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့စည်ပင်သာယာဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့ စည်ပင်သာယာဈေးအပြင်တန်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက အသင့်သောက်အချိူရည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိလျှင် စားသုံးကာကွယ်ရေးဥပဒေ ပုဒ်မ၁၉အရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် သက်တမ်းကျော်လွန်ပြီးသည့် အချိုရည်များကို ရောင်းချခြင်းမပြုရန် အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)