ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံအား အလေးပြုခြင်း ကျင်းပ

Powered by Drupal

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုတို့ဖြင့် ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ရွတ်ဆိုကာ နိုင်ငံတော်အလံအား အလေးပြုခြင်း ကျင်းပလျက်ရှိကြောင်း သတင်းရရှိပါသည်။

          အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့ညနေပိုင်းများတွင် အလေးပြုလျက်ရှိရာ ယနေ့ တနင်္လာနေ့ ၂၃.၆.၂၀၂၅ ရက်နေ့တွင်  ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ရုံးဝန်ထမ်းသည် နိုင်ငံတော်အလံကို အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုခြင်းကာ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်တို့ကို ရွတ်ဆိုကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)