
စားသုံးသူရေးရာဦးစီးဌာန၊မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်သူဇာမိုး(ဒုဦးစီးမှူး) သည် ၁၉-၆-၂၀၂၅ ရက်နေ့၊နံနက်( ၀၉:၀၀) နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ “စော်ဘွားနွယ်”ဒိန်ချဉ်လုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် “စော်ဘွားနွယ်”ဒိန်ချဉ်လုပ်ငန်းသည် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထား ခြင်းရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး “စော်ဘွားနွယ်”ဒိန်ချဉ်လုပ်ငန်းပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန်၊ ရောင်းချသောကုန်စည်သည် စားသောက်ကုန်ဖြစ်သည့်အတွက် ထုတ်လုပ်မှုအဆင့်တိုင်းတွင် သန့်ရှင်းလတ်ဆတ်မှု၊ ကျန်းမာရေး အသိများဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)