
ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက်အတွင်းရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် အချိန်အတွယ်ပြည့်ဝ စွာရောင်းချခြင်းရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စာသုံးဆီရောင်းချနေသော ကုန်စုံဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်း မြင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ စားသုံးဆီချိန်တွယ်ရာတွင် အချိန်အတွယ်ပြည့်ဝစွာ ချိန်တွယ်ရောင်းချရန်နှင့် မိမိတို့ရောင်းချရန် ရရှိသည့်အရေအတွက်အား စားသုံးသူများသို့ အပြည့်အဝရောင်းချရန်နှင့် ရောင်းချမှုအခြေအနေများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)