ဒလမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အ.မ.က(၁၉) ကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို(၁၉.၆.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ငယ်ရွယ်စဉ် ပညာသင်ချိန်အခါ၌ မိမိတို့အတွက် အကျိုးရှိစေမည့် အတက်ပညာများကို လေ့လာဆည်းပူးကာ ပညာရဲရင့်ပွဲလည်တင့်စေရန်အတွက် စာကောင်းပေမွန်များ ဖတ်ရန် လိုအပ်ပြီး အကျင့်စရိတ္တကို ထိန်းသိမ်းကာ လမ်းမှားမရောက်စေရန် လိုအပ်ပြီးနောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးဘာသာသာသနာအကျိုးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ထိုမှသာနိုင်ငံ၏ အနာဂတ်သာယာလှပမည်ဖြစ်ကြောင်း ဟောပြော ခဲ့ကာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှလည်း စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် နစ်နာဆုံးရှုံးမှုများ မရှိစေရေးအတွက် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်း မပြုမီသတိပြုဆောင်ရွက်ရမည့် အချက်များအပြင် ကုန်အညွှန်းအမှတ်အသားများအား သေချာဖတ်ရှုဝယ်ယူသုံးစွဲပါရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့် နည်းလမ်းများစသည်တို့ကို စားသုံးသူ အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA (ရန်ကုန်)