
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ (၂၀.၆.၂၀၂၅) ရက်နေ့တွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ Master Feed mill ငါးအစာတောင့်စက်ရုံသို့ သွားရောက်ခဲ့ပါသည်။
အဆိုပါ ငါးအစာတောင့် စက်ရုံလည်ပတ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ ပြီးနောက် စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူတစ်ဉီးက ငါးအစာတောင့်စက်ရုံနှင့် ပတ်သက်သော အချက်အလက်များ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ ဖွဲနု၊ ငါးခြောက် စသည့်ကုန်ကြမ်းများ အသုံးပြုမှု၊ တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက် များနှင့် ကုန်ကြမ်း ထွက်ရှိရာဒေသများမှ ကုန်ကြမ်းရရှိမှု၊ ကုန်ကြမ်း များ သိုလှောင်ထားရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ကုန်ချောအမျိုးအစားများ၊ ကုန်ချောသိုလှောင် ထားရှိမှုနှင့်ဖြန့်ဖြူးမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိရှိသည့် ကုန်ကြမ်းများကို အခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ငါးအစာ တောင့်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်မှုများအပေါ် စနစ်တကျမှတ်တမ်း များထားရှိရေး၊ ပါဝင်သည့်ပစ္စည်းများအား စနစ်တကျဓာတ်ခွဲစမ်းသပ် သုတေသနပြုမှတ်တမ်းထားရှိရေး တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊ တိုင်းဒေသကြီးမှထွက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြင့် တွင်ကျယ်စွာအသုံးပြု ထုတ်လုပ်နိုင်ရေး စသည်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)