ကော့သောင်းမြို့ စည်ပင်သာယာစျေးများတွင် Singnal သွားတိုက်ဆေးအတု ရောင်းချနေမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နေ့လယ်  ၁၃:၀၀  အချိန်တွင် ကော့သောင်းမြို့ စည် ပင်သာယာစျေးများရှိ ကုန်စုံဆိုင်များတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးတာဝန်ခံနှင့်အတူ စျေးကွက်အတွင်း ရောင်းချနေသည့် “Singnal” အမှတ်တံဆိပ် သွားတိုက်ဆေးအားစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Singnal အမှတ်တံဆိပ်ကုန်ပစ္စည်းနှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်အလက်များကို တိုက်ဆိုက် စစ်ဆေးရာတွင် Singnal သွားတိုက်ဆေးအတု၏အချက်အလက်များ မတွေ့ရှိရပါကြောင်း  သိရှိရပါသည်။

      စစ်ဆေးတွေ့ရှိချက်အရ Unilever EAC Myanmar Co;Ltd ၏ ကော့သောင်းကိုယ်စားလှယ်ပေးအပ်ထားသော“Singnal” Cavity Fighter Toothpaste 150g သည် လာရောက်တင်သွင်းမှုကိုသာ‌ရောင်းချနေပါကြောင်း ကုန်စုံဆိုင်ရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)