ပြည်ခရိုင်တွင် နွေစပါးဈေးများ ဆက်လက်မြင့်တက်

Powered by Drupal

            ပြည်ခရိုင် နွေစပါးဈေးမှာ ဇူလိုင်လနောက်ဆုံးပတ်တွင် ဈေးများ ဆက်လက်မြင့်တက်လာခဲ့ပါသည်။ ပြည်မြို့နယ်တွင် ယခင်က ၇၇၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုတွင် တင်း ၁၀၀လျှင် ၇၉၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင် ၇၅၀၀၀၀ကျပ်၊ ယခုပေါက်ဈေးမှာ ၇၆၆၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ယခင်က ၇၆၀၀၀၀ကျပ်၊ ယခု ၇၈၀၀၀၀ကျပ်ဖြင့် တင်း ၁၀၀လျှင် ၂သောင်းကျော် ဈေးမြင့်တက်ခဲ့ပါသည်။ ဆန်ဈေးများမှာ ဈေးမြင့်တက်ခြင်းမရှိဘဲ ၁၀၈ပေါင်တစ်အိတ်လျှင် ၃၂၀၀၀ကျပ်ဈေးဖြင့် ဆက်လက်ဈေးရှိနေခဲ့ပြီး စပါးဈေးများတက်လာသော်လည်း  ဆန်စက်ပိုင်ရှင် များမှာ စပါးဝယ်ယူခြင်း မရှိတော့သည့်အတွက် စပါးဈေးများမြင့်တက်နေသော်လည်း အရောင်းအဝယ် မရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)