
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးတွင် (၂၁.၆.၂၀၂၅)ရက်နေ့ မွန်းလွဲ (၁၅:၀၀) နာရီအချိန်၌ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က MSME လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိရေး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးမှုတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က မိမိတို့ ထုတ်လုပ်သော ကုန်စည်များကို သက်ဆိုင်ရာဌာန ထောက်ခံချက်များ ပါရှိရေး/ ရရှိရေး ဆောင်ရွက်ရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာပါရှိရေး ဆောင်ရွက်ရန်၊ လိုအပ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ထုတ်ပေးသော စက်မှုလုပ်ငန်းသုံးဆီများကိုလည်း အမှန်တကယ်အ သုံးပြုဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှု၊ စီးပွားရေးလုပ်ငန်း ရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက် ၍ ထောက်ခံချက်များရရှိရေး စသည်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်(၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)