ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ မိတ္ထီလာမြို့နယ်အတွင်းရှိ မြို့မစျေးများအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃) ဟင်းလျာများချက် ပြုတ်ရာတွင် အရောင်၊ အနံ၊ အရသာအတွက် အသုံးပြုသော ပစ္စည်းများအား စစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် FDA ထောက်ခံချက်များ ပြည့်စုံစွာပါဝင်မှု ရှိ/မရှိနှင့် ပါဝင်ပစ္စည်းများ ပြည့်စုံးစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိ မှု အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ၊ အလေးချိန်အချိန်တွယ်နှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)