
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းအား အစားအသောက် လုံခြုံစိတ်ချစေရေးအတွက် (၂၄-၆-၂၀၂၅)ရက်နေ့ နေ့နံနက်(၀၉း၃၀) နာရအချိန်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင်၊ ဦးစီးအရာရှိ၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့် အတူ ကျောင်းမုန့် ဈေးတန်းရှိ အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားခြင်းရှိ/မရှိနှင့် သန့်ရှင်းသပ်ရပ်ခြင်းရှိ/ မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချနေသူများအား အစားအသောက်ဘေးအန္တရာယ်ကင်းရေး၊ ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်(၅) ချက်ကို အသိပညာပေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဆိုင်များတွင် ရောင်းချနေသော တားမြစ်မုန့်များရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခြင်း၊ အသားတုနှင့် ခေါက်ဆွဲဖက်တို့တွင် ခွင့်မပြုကြာရှည်ခံ ဓာတုဆေးများ ပါဝင်ခြင်းရှိ/ မရှိကို ရွေ့လျားဓာတ်ခွဲယာဉ်ရှိ တစ်ခါသုံး ဓာတ်ခွဲဆေးပစ္စည်းများဖြင့် စစ်ဆေးခဲ့ကြပြီး ယိုစုံနှင့်ဂျယ်လီများအား တိုင်းဒေသကြီး (FDA) ဓာတ်ခွဲခန်းတွင် ခွင့်မပြု ဓာတုဆိုးဆေးများပါဝင်ခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်းနှင့် ကျောင်းမုန့်ဈေးတန်း မုန့်ဆိုင်(၇)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ဧရာဝတီ)