
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပန်းတနော်မြို့ပေါ်ရှိ စိုက်ပျိုးရေး သုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာဆိုင် (၇)ဆိုင်သို့ (၂၃.၃.၂၀၂၅) နေ့နံနက် (၀၉:၃၀)နာရီအချိန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုတွင် စိုက်ပျိုးရေးသုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာများနှင့် မျိုးစေ့ထုတ် အရောင်းဆိုင်များမှ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိရေး စားသုံးသူကာကွယ် ရေး ဥပဒေ၏ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားပါရှိမှုရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသား မပါရှိပါက မရောင်းချရန်နှင့် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ပါဝင်သော ကုန်စည်မျိုးကိုသာ ဦးစားပေးရောင်းချရန်နှင့်၊ အာမခံချက်မရှိသော ကုန်စည်များကို ဈေးကွက်အတွင်းရောင်းချမှု တွေ့ရှိပါက တည်ဆဲဥပဒေများအရအရေးယူဆောင်ရွက်နိုင်သောကြောင့် တရားဝင်ဌာနဆိုင်ရာများ၏ ထောက်ခံချက်ပါသော တရားဝင်ကုန်စည်များကိုသာရောင်းချရန် ပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)