“ကွမ်းခြံကုန်းမြို့နယ်အတွင်း ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဇွန်လ(၂၄)ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင် စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွမ်းခြံကုန်းမြို့နယ်အတွင်း ဓာတ်မြေဩဇာရောင်းချသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ပြည်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်စိန်နှင့်ဝန်ထမ်းများ၊ မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူး ဦးလမင်းချစ်ကို၊ မြို့နယ်သမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းယုမွန်နှင့် စားသုံးသူရေးရားဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက် ရတနာပုံ (၁)လမ်းရှိ ဒေါ်လာဝင်း (ဓါတ်မြေဩဇာအရောင်းဆိုင်)၊ စန်းသော်တာ (စိုက်ပျိုးရေး ဓါတ်မြေဩဇာနှင့်မျိုးစေ့ အရောင်း ဆိုင်)၊ ကမ်းနားလမ်းရှိ ကိုကျော်မင်းသူ+မသုန်သုန်ဖြိုး (ဓါတ်မြေဩဇာ၊ပိုးသတ်ဆေးနှင့် စိုက်ပျိုး ရေးပစ္စည်း အမျိုးမျိုးအရောင်းဆိုင်) တို့တွင် ယူရီယားဓါတ်မြေဩဇာ၊ တီစူပါ(သံလွင်) ဓါတ်မြေ ဩဇာ၊ ပိုတက်ဓါတ်မြေဩဇာနှင့် ကွန်ပေါင်းဓါတ်မြေဩဇာများ၏ ရောင်းချသည့် ဈေးနှုန်း မြင့်တက်မှု ရှိ/မရှိ ၊ အလေးချိန်ပြည့်ဝမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

   ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေးက တောင်သူများအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်မြေဩဇာများကို  ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြု ရန်၊ အလေးချိန်ပြည့်ဝသော ဓာတ်မြေဩဇာများကိုသာ ရောင်းချကြရန် ဆိုင်ရှင်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)