တောင်ငူခရိုင်ဦးစီးမှူး ရေတာရှည်မြို့၌ (MSMEs)ဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား အသိပညာပေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံရုံးတွင် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs)ဖွံဖြိုးတိုးတက်ရေးသင်တန်းသို့ တက်ရောက်လာသူများအား (MSMEs) ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောပါသည်။

       ခရိုင်ဦးစီးမှူးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) များသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါပုံများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီ အစဉ်ဖြင့် ရေတာရှည်မြို့နယ်မှ MSMEs ထုတ်ကုန်များသည် ပဲခူးမြို့တွင်ကျင်းပသည့် တိုင်းဒေသကြီးအဆင့် ဈေးရောင်းပွဲတော်များနှင့် နေပြည်တော်တွင်ကျင်းပသည့် ပြည်ထောင်စု အဆင့်ဈေးရောင်း ပွဲတော်များတွင် ပါဝင်ပြသရောင်းချနိုင်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရက MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်နေသည့် အချိန်တွင် လုပ်ငန်းရှင်များကလည်း မိမိတို့၏ထုတ်ကုန်ပစ္စည်းများကို ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သည်အထိ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်တို့ကို အသိပညာပေး ပြောကြားခဲ့ပါသည်။

       ထို့နောက် ခရိုင်ဦးစီးမှူးသည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့်အတူ ပြည်ပနိုင်ငံများအထိ ဈေးကွက်ရှိနေပြီးဖြစ်သည့် Light House ကော်ဖီမှုန့်လုပ်ငန်းရှင် ဦးဇေယျာမင်းအား တွေ့ဆုံပြီး လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)