
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း၌ ဇီးကုန်းမြို့နယ် စာသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ (၂၆.၆.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀)နာရီတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ နံရံကပ် စာစောင်များဖြင့်လည်းကောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ပေးရေးနှင့် ပက်သက်၍ အသိပညာပေး ဟောပြောခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား/ကျောင်းသူ (၁၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)