
အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သော ကြက်ဥ၊ ဘဲဥများ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဇွန်လ (၂၆)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးရှိ ဘဲဥ၊ ကြက်ဥ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ မြို့နယ်စည်ပင် သာယာမြို့မ ဈေးအတွင်း လက်လီရောင်းချလျက်ရှိသော ဒေါ်စုကြည်၊ ဒေါ်လဲ့ကြည်၊ ဒေါ်သက်မွန် ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များ၊ စည်ပင်သာယာမြို့မဈေး အပြင်တန်းရှိ ဒေါ်ချိုကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကားအရောင်းဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆိုင်ပိုင်ရှင်များအား တွေ့ဆုံ၍ ဝယ်ယူနေရသည့် ဒေသများဖြစ်သော ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ တိုက်ကြီးမြို့နယ်တို့မှ ဝယ်ယူရရှိနေမှု အခြေအနေများ၊ ဝယ်ယူရရှိနေသည့် ဈေးနှုန်းထက် အဆမတန် ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး၊ အခြေခံစားသောက် ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ကြက်ဥ၊ ဘဲဥ ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူပြီး စားသုံးသူပြည်သူများထံသို့ ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)