စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးကာကွယ်ပေးရေး၊ စားသုံးသူ အသိ ပညာပေးရေး၊ စားသုံးသူဆုံးရှုံးနစ်နာမှုများ ဖြေရှင်းပေးရေးစသည့် လုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် လယ်ယာထွက်ကုန်သီးနှံများ အရည်အသွေးပြည့်မီစွာဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲသည် လယ်ယာ ထွက်ကုန်များ၏ မြန်မာစံချိန်စံညွှန်းထုတ်ပြန်နိုင်ရေး၊ လယ်ယာထွက်ကုန်များ ပြည်ပ တင်ပို့ရာ တွင် မဖြစ်မနေလိုက်နာရမည့် အရည်အသွေးသတ်မှတ်ချက် (Technical Regulations) အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
လယ်ယာထွက်ကုန်များ အရည်အသွေးစီမံခန့်ခွဲမှုဆောင်ရွက်ရန် သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု (CTQM) လှည်းကူးတွင် လယ်ယာထွက်ကုန်သီးနှံများ အရည် အသွေးဓာတ်ခွဲစမ်းသပ်နိုင်သည့် ဓာတ်ခွဲခန်းများကို ထူထောင်ထားရှိပြီး ပြည်ပပို့ကုန်လုပ်ငန်းရှင် များအတွက် လယ်ယာထွက်ကုန်သီးနှံများနှင့် လယ်ယာထွက်ကုန်အခြေခံစားသောက်ကုန်များကို ဓာတ်ခွဲစမ်းသပ်၍ ထောက်ခံချက်ပေးသော ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။
CTQM (လှည်းကူး) ရှိ အောက်ပါ ဓာတ်ခွဲခန်း (၇) ခုမှ စမ်းသပ်စစ်ဆေးပေးနိုင်သည့် နယ်ပယ်များ (လယ်ယာထွက်ကုန်သီးနှံများ၊ စားသုံးဆီများ)မှာ အောက်ပါအတိုင်းဖြစ်ပြီး ဓာတ်ခွဲ ခန်းအလိုက် စမ်းသပ်ပေးနိုင်သည့် Parameters များနှင့် ဓာတ်ခွဲစမ်းသပ်ခနှုန်းထားများအား အောက်ပါ Pdf File တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
စဉ် |
ဓာတ်ခွဲခန်းအမည် |
စစ်ဆေးပေးနိုင်သည့် နယ်ပယ် |
၁ |
ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း |
ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအမျိုးမျိုး |
၂ |
ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်း |
စားသုံးဆီအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး ၊ ဆီကြိတ်ဖတ်များ |
၃ |
မှိုဆိပ်ဓာတ်ခွဲခန်း |
ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအမျိုးမျိုး |
၄ |
သီးနှံ(ဓာတု)ဓာတ်ခွဲခန်း |
ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအမျိုးမျိုး |
၅ |
သီးနှံ(ရူပ)ဓာတ်ခွဲခန်း |
ဆန်နှင့်စပါး |
၆ |
ပိုးမွှားဓာတ်ခွဲခန်း |
သိုလှောင်သီးနှံဖျက်ပိုးများ |
၇ |
အဏုဇီဝဓာတ်ခွဲခန်း |
ရေ၊ နို့၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် |
CTQM (လှည်းကူး) ရှိ ဓာတ်ခွဲခန်းများမှ နှစ်စဉ်လယ်ယာထွက်ကုန်သီးနှံများအား ဓာတ်ခွဲ စမ်းသပ်ပေးခြင်းဖြင့် စားသုံးသူဘေးအန္တရာယ်ရှိမှုကို ကာကွယ်ပေးသကဲ့သို့ ပြည်တွင်း ပြည်ပ ကုန်သွယ်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါသည်။ လယ်ယာ ထွက်ကုန်သီးနှံများနှင့် စားသုံးဆီများ စမ်းသပ်စစ်ဆေးပေးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
စဉ် ဘဏ္ဍာနှစ် နမူနာအရေအတွက် စမ်းသပ်မှုပေါင်း
(က) ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် ၇၆၈ ၁၅၆၈
(ခ) ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ၁၀၇၁ ၂၂၄၀
(ဂ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁၈၆ ၂၄၄၉
(ဃ) ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၇၈၂ ၁၉၉၃
(င) ၂၀၂၁ Mini Budget ၅၇၇ ၁၃၀၀
သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအနေဖြင့် စားသုံး သူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိပြီး အရည်အသွေးပြည့်ဝသည့် ကုန်ပစ္စည်းများကို သုံးစွဲခွင့်ရရှိစေရေး ဆောင်ရွက်ရင်း လယ်ယာထွက်ကုန်သီးနှံများ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ပို့ကုန်သီးနှံများကို ဓာတ်ခွဲစမ်းသပ်လိုပါက အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်-
လိပ်စာ : ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM) လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
အီးမေးလ် : ctqm.dept@gmail.com
ဖုန်း : ၀၁-၈၆ ၂၉၀၄၃၊ ၀၁-၈၆ ၂၉၀၄၄
ဖက်စ် : ၀၁-၈၆ ၂၉၆၅၅
သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ