“မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်သမင်ခြံကျေးရွာ၌မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သမင်ခြံကျေးရွာအုပ်စုရှိ ကုန်ထုတ်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ဇွန်လ(၂၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရှေးဦးစွာ ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယခုလို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ သမင်ခြံကျေးရွာအုပ်စုရှိ ကုန်ထုတ်လမ်း တစ်လျှောက် လမ်းဘေးဝဲ/ယာတွင် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်အနေဖြင့် နှစ်စဉ်အရိပ်ရ သစ်ပင်စိုက်ပျိုး၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလိုသစ်ပင် စိုက်ပျိုးမှုမှ အရိပ်ရပင်များတိုးပွားလာခြင်း၊ လေထုအရည်အသွေးကို မြှင့်တင်ပေးနိုင်ခြင်းနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ကို လျော့ချစေနိုင်ခြင်း စသည့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား ပြောကြားခဲ့ပြီး ကော့မှူးမြို့ နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလူမင်းက ယခုလို သမင်ခြံကျေးရွာ သစ်ပင်စိုက်ပျိုး ပွဲ အခမ်းအနားသို့ တက်ရောက်ပေးပါသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ် ချုပ်ရေးမှူးများ၊ ကျေးရွာမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာရှိ ပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ယခုလို မြစ်ဘေးချောင်းဘေးရှိ ကျေးရွာများ အနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ် များကိုလည်း လျော့ကျစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများအား ပြောကြားခဲ့ပြီး တက်ရောက် လာသောဌာနဆိုင်ရာ အကြီးအကဲများအား ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ သစ်ပင်များလွှဲ ပြောင်းပေးအပ်ခဲ့ပြီး သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)