ကသာမြို့တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းလျက်ရှိ

Powered by Drupal

            ဩဂုတ်လပထမပတ်တွင် ကသာမြို့အတွင်း ရောင်းချလျက်ရှိသော  ခရမ်းချဉ်သီးဈေးနှုန်းများ  အနည်းငယ် ကျဆင်းခဲ့ကြောင်းသိရသည်။ လတ်တလော ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်း ချဉ်သီးဈေးနှုန်းများမှာ လက်လီတစ်ပိဿာလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်၊ လက်ကား တစ်ပိဿာ လျှင် (၁၀၀၀)ကျပ်မှ (၁၃၀၀)ကျပ် ရှိပြီး ယခင်တစ်ပတ်အတွင်း လက်လီ တစ်ပိဿာ (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်၊ လက်ကားတစ်ပိဿာ (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဖြစ်သည့်အတွက် ကာလတူဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ယခုတစ်ပတ် ခရမ်းချဉ်သီးဈေးနှုန်းမှာ (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ ကျဆင်းလျက် ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသူများထံမှ သိရှိရသည်။

            မြို့နယ်အတွင်းသို့ ခရမ်းချဉ်သီး ဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း ကသာမြို့တွင်းသို့ မန္တလေး၊ မုံရွာဘက်မှ ပိဿာ(၂၀)ပါ သေတ္တာအလုံး (၅၀)ခန့် ဝင်ရောက်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)