သရက်မြို့နယ် ပဲတီစိမ်းနှင့် နှမ်းသီးနှံ ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

         သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းသီးနှံသည် နေ့စဉ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ဇွန်လ စတုတ္ထပတ်တွင် ပဲတီစိမ်းသီးနှံ တစ်တင်းလျှင် (၄၆၀၀ဝိ/) ရှိခဲ့ရာမှ၊ ယခုဇူလိုင်လ ပထမပတ်တွင် ပဲတီစိမ်း(၁)တင်းလျှင် (၄၀၀၀ဝိ/)နှုန်းဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

          နှမ်းသီးနှံမှာလည်း စတင်ပေါ်ထွက်လျက်ရှိရာ နှမ်းနက်တစ်တင်းလျှင်(၆၅၀၀ဝိ/)၊ နှမ်းနီတစ်တင်းလျှင်(၆၀၀၀ဝိ/)ဖြင့်လည်းကောင်း အောင်လံဝယ်လက်သမားများမှစတင်၍ ဝယ်ယူလျက်ရှိပြီး နေ့စဉ်တစ်နေ့လျှင် အိတ်ရေ (၄၀-၄၅)ခန့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)