အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

        အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၈.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၃.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(H.L)နှင့် ကုလားပဲ(မြကြေး) (၂၀)ပိဿာ(၁)တင်းလျှင်(၅၂၀၀ဝိ/-) ယခုအပတ် (၅၂၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း မတ်ပဲမှာ ယခင်အပတ် (၅၀၀၀ဝိ/-) ယခုအပတ် (၅၃၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးမြင့်၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၃၀၀ဝိ/-) ယခုအပတ် (၃၄၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊ ပဲတီစိမ်း ယခင်အပတ် (၄၆၀၀ဝိ/-) ယခုအပတ် (၄၃၀၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံနီ ယခင်အပတ် (၄၆၆၀ဝိ/-) ယခုအပတ် (၄၉၁၀ဝိ/-)ဖြစ်၍(၂၅၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ် (၇၀၀၀ဝိ/-) ယခုအပတ် (၇၁၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်ကာ မြေပဲလုံးဆံ(နီ)နှင့် မြေပဲလုံး(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ် (၅၁၀ဝိ/-) ယခုအပတ် (၅၉၀ဝိ/-)ဖြစ်၍ (၈၀ဝိ/-)ဈေးမြင့်ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းဖြူ(၉၅)အိတ်၊ နှမ်းနီ(၉၀)အိတ်၊ ပဲတီစိမ်း(၂၇၀၀)အိတ်၊ ပဲစဉ်းငုံနီ(၉၅၀)အိတ်၊ မတ်ပဲ(၁၃၅)အိတ်၊ ကုလားပဲ(HL)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၁၁၀၀)အိတ်၊ ဘိုကိတ်ပြာ(၂၈၀)အိတ်၊ ပဲကြီး(၄၇၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၂၀၀)အိတ်၊ မြေပဲလုံးဆံဖြူ (၁၈၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)