အင်းစိန်မြို့နယ်အတွင်းရှိ ရွှေအိုးဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ ရွှေအိုးဆေးဆိုင်သို့ ဆေးဝါးများရောင်းချမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာ၌ အမှတ်(၃၈)၊ လမ်းသစ်လမ်း၊ အင်းစိန်မြို့နယ်ရှိ ရွှေအိုးဆေးဆိုင်မှ တာဝန် ခံက မိမိတို့ရောင်းချနေသော ဆေးဝါးများသည် သတ်မှတ်အရည်အသွေးပြည့်စုံပြီး ဈေးနှုန်းလည်း မှန်ကန်စွာရောင်းချပါကြောင်း၊ ဆေးဝါးများလည်း ပြတ်လပ်မှုမရှိပါကြောင်း၊ ဈေးနှုန်းလည်းမြှင့်တင် ရောင်းချခြင်းမရှိပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)