
စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ၂.၇.၂၀၂၅ ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်းစင်တာနှင့် ကြည့်မြင်တိုင် မြို့နယ် ညဈေးတို့တွင် ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးဖြစ်သော Samsonic (ထမင်းပေါင်းအိုး) SHARP(ထမင်းပေါင်းအိုး)၊ ALPHA(ထမင်းပေါင်းအိုး)၊ JAGUAR (အသားကြိတ် စက်)၊ FRRFALLA (စားပွဲတင်ပန်ကာ)၊ LEGACY (ခြင်ရိုက်ဘတ်တံ) K - Like (အားသွင်းဆလိုက် ဓါတ်မီး)၊AMC (မီးပလပ်ခုံ)၊ Kettle(ရေနွေးအိုး)၊ Panssonic (ဆံပင်အခြောက်ခံစက်)၊ 81(ETO) (အားသွင်းပန်ကာ) စသောလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးရာ ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)