ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေ တိုင်ကြားသူ တစ်ဦးက“x x x” ကိတ်ခြောက်ဆိုင်မှ“x x x” အမှတ်တံဆိပ်ပါကိတ်ခြောက်မုန့်ကို ဝယ်ယူစားသုံးရာတွင် အနံ့အသက်ဆိုးရွား ပြီး အရ သာ ပျက်ယွင်းနေပါသဖြင့် တိုင်ကြားလာ ခြင်းအပေါ် ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ၂၁.၇.၂၀၂၂ ရက်နေ့တွင် တိုင်ကြားခံရသော ပြည်မြို့၊ မြောက်ဘက် စောင်းတန်းလမ်းရှိ “ x x x ” မုန့်ဆိုင်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား ခေါ်ယူဆွေးနွေးညှိနိူင်းဆောင်ရွက်ခဲ့ရာ တိုင်ကြားသူ သည် မိမိနစ်နာမူများအတွက် ဆိုင်ရှင်အနေဖြင့် မိမိ၏မိသားစုဝင်များအား မုန့်ခြောက်ဝယ်ယူခဲ့သော “ x x x ” မုန့်ဆိုင်တွင် ပြန်လည်တောင်းပန်ပေးမည်ဆိုပါက ကျေနပ်လက်ခံပေးမည် ဖြစ်ကြောင်း ပြောကြားသည့်အတွက် တိုင်ကြားခံရသူ “ x x x ” မုန့်ဆိုင်ပိုင်ရှင်မှလည်း တိုင်ကြားသူ မိသားစုကို ပြန်လည်တောင်းပန်မည်ဖြစ်ကြောင်းနှင့် ဝယ်ယူသွားသောမုန့်ထုတ် အားလည်း အသစ်ပြန်လည် လဲလှယ်ပေးသွားမည်ဖြစ်ပါကြောင်း ညှိနှိုင်းဆွေးနွေးပြီးနောက် ၂၁.၇.၂၀၂၂ ရက် နေ့တွင် မုန့်ဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်(၃)ဦးက တိုင်ကြားသူ မိသားစုအား “ x x x ” မုန့်ဆိုင် တွင် ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များရှေ့မှောက်တွင် တောင်းပန်ခဲ့ သဖြင့် နှစ်ဦးနှစ်ဘက် ပြေလည်မူရှိသောကြောင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။
Consumer Affairs