ကန့်ဘလူမြို့နယ်၌ ခရမ်းချဉ်သီးအဝင်နည်း၍ ဈေးနှုန်းမြင့်တက်လာ

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ထိုင်ဝမ်အလုံးကြီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၅၇၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များ နှင့်ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြကြောင်း၊ ခရမ်းချဉ်သီး ရောင်းချသူထံမှ သိရှိရသည်။ Doca(စစ်ကိုင်း)