
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ယခုလို မိုးတွင်းကာလတွင် တောင်ပေါ်ဒေသနှင့် တောင်တန်းများတွင် မျှစ်များထွက်ပေါ်လျက်ရှိရာ မြစ်သား မြို့နယ်၊ ရွာခိုင်ကြီကျေးရွာနှင့် မြင်းရွာကြီးကျေးရွာများတွင် မျှစ်များစတင်ထွက်ရှိလျက်ရှိရာ မျှစ်များ ကို ရွှေတောင်ဦးတောင်နှင့် အနီးတဝိုက်ရှိ ဝါးပင်ပေါက်ရောက်ရာ တောများသို့ သွားရောက် ချိုးယူ၍ ရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေများရရှိကြောင်း၊ ယခင်နှစ် မျှစ်စိမ်း ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၂၀၀/-)ကျပ်ဖြင့် ရောင်းချခဲ့ရပြီး၊ ယခုလက်ရှိ ပေါက်ဈေး အနေဖြင့် မျှစ်စိမ်းတစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ထိ ရောင်းချခဲ့ရသောကြောင့် မျှစ်ချိုး ရောင်းချသူ များ အဆင်ပြေလျက်ရှိကြောင်း၊ တစ်ရက်လျှင်လူတစ်ဦး မျှစ်စိမ်းဆယ်ပိဿာခန့် ချိုးယူ၍ရကြောင်း၊ ချိုးယူလာသော မျှစ်များကို မျှစ်ဒိုင်သို့ သွင်း၍ရောင်းချလျက်ရှိကြောင်း၊ မျှစ်ဒိုင်များမှတစ်ဆင့် မျှစ်များကို ပြုတ်၍ နီးစပ်ရာဈေးနှင့် ဆိုင်ကယ် ကယ်ရီသမားများသို့ ပြန်လည်ရောင်းချကြကြောင်း၊ မျှစ်ပြုတ်တစ်ပိဿာလျှင် လက်ကား (၂၅၀၀/-)ကျပ်ဖြင့် ရောင်းချပေးပြီး၊ လက်လီတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း၊ မျှစ်ကို အတို့အမြုပ်အဖြစ် စာသုံးကြသလို အချဉ် ရည်ဟင်း၊ စားတော်ပဲနှင့် မျှစ်ကြော်တို့ကိုလည်း စားသုံးကြကြောင်း၊ မျှစ်ဖြိုင်ဖြိုင်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းပါက အိမ်ရှင်မများမှ ရေရှည်စားသုံးရန်အတွက် မျှစ်များကို အခြောက်ခံ၍ သိမ်းဆည်းထားကြောင်း၊ မျှစ်စားသုံးခြင်းဖြင့် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)