ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် ဖူးစားပြောင်းများ စိုက်ပျိုးလျှက်ရှိကြောင်း၊ မြို့နယ် အတွင်းဇူလိုင်လဆန်းအထိ ဖူးစားပြောင်းစိုက်ဧက(၂၆၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင် ရာဌာန၏စာရင်းများအရသိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဝယ်လိုအားရှိပြီး လူကြိုက်များသော သိကြားပြောင်း မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း ၊ (၁)ဧက မျိုး အသုံးပြုမှုအနေဖြင့်(၈)ပြည်ကုန်ကျကြောင်း၊ ပြောင်းဖူးမျိုးစေ့(၁)ပြည်လျှင်(၅၀၀၀-၅၅၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုရကြောင်း ဖူးစားပြောင်းစိုက်ပျိုးမှုအနေဖြင့် ထွန်ကြောင်းဆွဲ အစေ့ချ အတန်းလိုက် စိုက်ပျိုးကြ ကြောင်း ၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ပေါက်မြိုင်၊ အင်းရင်း၊ သိုတန် နှင့် မှိုင်းဟင် ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ ယခင်နှစ်(၁)ဧက အထွက် နှုန်းအနေဖြင့် အဖူးပေါင်း(၄၀၀၀-၄၅၀၀)ခန့်ထွက်ရှိကြောင်း၊ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကားစျေး(၃၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက(၈၅၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ယခုလက်ရှိ ပြောင်းဖူးပေါက်စျေးအနေဖြင့် လက်ကားတစ်ဖူးလျှင်(၃၅၀/-) ကျပ်၊လက်လီတစ်ဖူးလျှင်(၅၀၀-၆၀၀)ကျပ်၊ပြောင်းဖူးပြုတ်တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျှက်ရှိပြီး ပြောင်းဖူးပေါ်ချိန်တွင် ပွဲစားများမှ စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူ ကြကြောင်း၊ပွဲစာများမှတဆင့် ရန်ကုန်၊မန္တလေးမြို့ရှိ ကုန်စိမ်းသီးနှံပွဲရုံမျာသို့ တဆင့်ပြန်လည် ရောင်းချကြကြောင်း၊ပြောင်းဖူးပေါ်ချိန်တွင်လည်း စျေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ပိုမို ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ပြောင်းဖူးစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အသိရှိရပါသည်။
DOCA(မန္တလေး)