မကွေးကုန်စည်ဒိုင်၏ ပဲမျိုးစုံ စျေးကွက်အခြေအနေ

Powered by Drupal

          မကွေးကုန်စည်ဒိုင်တွင် ဩဂုတ်လ ပထမအပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ကုလားပဲကြီး (929) (၁၉) ပိဿာ တစ်တင်းလျှင် (၅၀၂၀၀ဝိ/-)၊ ကုလားပဲ လုံးသေးတစ်တင်းလျှင် (၄၈၀၀ဝိ/-)၊ ကုလားပဲ(HL)တစ်တင်းလျှင် (၄၉၃၀ဝိ/-)၊ ထောပတ်ပဲ တစ်တင်းလျှင် (၄၅၅၀ဝိ/-)နှင့် ပဲစဉ်းငုံနီ(၂၀)ပိဿာတစ်တင်းလျှင် (၅၀၀၀ဝိ/-)၊ စားတော်ပဲ တစ်တင်းလျှင် (၁၀၅၀၀ဝိ/-)တို့ဖြင့်အသီးသီး စျေးနှုန်းမြင့်တက်လျှက်ရှိပြီး ပဲကြီးဖြူ၊ ပဲကြီးမဲ၊ မတ်ပဲတို့မှာ စျေးနှုန်း တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

          ဩဂုတ်လပထမအပတ်တွင် ကုလားပဲ တန်ချိန်(၉၀)ခန့်၊ ပဲကြီးဖြူ တန်ချိန်(၂၀)ခန့် စားတော်ပဲ တန်ချိန်(၁၅)ခန့်၊ မတ်ပဲ တန်ချိန်(၃၀.၃၇)တန်ခန့်၊ မြေပဲဆီဆံတန်ချိန်(၃၀၀)ခန့်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မကွေးကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)