
တောင်ငူမြို့ အနီးတဝိုက်ရှိ နေထိုင်ရာပြည်သူများသည် မိမိတို့အိမ်ခြံဝန်းများ၌ ဟင်းသီး ဟင်းရွက် နှင့် အရိပ်ရသော သီးနှံပင်များ စိုက်ပျိုးကြသည်။ အရိပ်ရသောအပင်များအနက် မန်ကျည်း ပင်သည် အရိပ်လည်း ရသလို သဘာဝအလျောက် အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ် ကင်းရှင်း၍ ဆေးဖက် လည်း ဝင်သည့် အပင်ကြီးတစ်မျိုး ဖြစ်ပါသည်။
ယခုအခါ ရာသီစာ မန်ကျည်းသီးစိမ်းများ ဈေးကွက်အတွင်း၌ စတင်ရောင်းချလျက်ရှိသည်။ မန်ကျည်းသီးစိမ်းများကို ကြော်စား၍လည်းကောင်း၊ ထောင်းစား၍ လည်းကောင်း၊ မန်ကျည်းသီးစိမ်း ငပိချက်၍လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ပြုလုပ်၍ စားသုံးနိုင်ပါသည်။ ပေါ်ကာစ အချိန် ဖြစ်သည့်အတွက် မန်ကျည်းသီးစိမ်းဈေးနှုန်းမှာ တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ရှိနေခဲ့ပါသည်။
မန်ကျည်းမှည့်ကို ဝမ်းချုပ် တတ်သူများ အနေဖြင့် မန်ကျည်း ဖျော်ရည်ပြုလုပ်ပြီး သောက်သုံး ပေးပါက ဝမ်းသွားခြင်းပုံမှန်ဖြစ်စေသည်။ မန်ကျည်းသီးမှည့် ဈေးကွက်အနေဖြင့် အစေ့မပါ တစ်ပိဿာ လျှင် ယခင် (၈၀၀၀)မှ ယခုအခါ (၉၀၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိသည့်အတွက် ဈေးနှုန်း အနည်းငယ်တက်သွားပါသည်။
DOCA(ပဲခူး)