မင်းလှမြို့နယ်ရှိကြက်ဥ/ဘဲဥဈေးနှုန်းများ

Powered by Drupal
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥ အရောင်း ဈေးနှုန်းများ မှာကြက်ဥ(အကြီး)တစ်လုံးလျှင် ၅၅၀/ကျပ်၊(အလတ်) ၄၄၀/ ကျပ်၊(အသေး) တစ်လုံးလျှင် (၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဘဲဥဈေးနှုန်းများမှာ(အကြီး)၇၀၀/ကျပ်၊ (အလတ်) ၆၅၀/ကျပ်၊(အသေး) ၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။မိုးတွင်းကာလတွင် တစ်နေ့ရောင်းအားအခြေအနေမှာ (၂၇၀၀)လုံးမှ (၃၂၀၀)လုံးထိ အနည်းငယ်ပိုမို ရောင်းချရပါကြောင်း ကြက်ဥ/ဘဲဥ ရောင်းချသူ လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ DOCA(ပဲခူး)