ဆူးပုတ်ရွက်ဈေးကွက်

Powered by Drupal
ဖြူးမြို့မဈေးအတွင်းရှိ ယခုလိုမိုးတွင်း အခါတွင် ဆူးပုတ်ရွက်များကို ဈေးထဲတွင် ပေါများစွာ တွေ့ရတက်ပါသည်။ ဆူးပုတ်ရွက်ကို နေရာ အနှံ့တွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်တွင် ဆူးပုတ်ကြီးနှင့်ဆူးပုတ်ကလေး ဟူ၍(၂)မျိုးရှိပါသည်။ ဆူးပုတ်ကြီးမျိုး၏ အရွက်သည် အရွယ်အစား ကြီးသလို အနံ့လည်း ပိုပြင်းပြီး ဆူးပုတ် ကလေးမျိုးသည် အရွက်အရွယ်အစားလည်း သေး၍ အနံ့လည်း မပြင်းပေ။ ဆူးပုတ်ရွက် တစ်စီးလျှင် ၅၀၀ ကျပ် မှ ၃ စီး ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ဆူးပုတ်ရွက်ကို ကြက်ဥ၊ ကန်ဇွန်းရွက်နှင့်သော်လည်းကောင်း၊ ကြော်စားခြင်း ဖြင့် စားသုံးကြသည်။ လူအများစုသည် ဆူးပုတ်ရွက်ကို အမျိုးမျိုးချက်စားကြသော်လည်း ဆူးပုတ်ရွက်သည် ကျန်းမာရေးအရသင့်တော်သည့် အစားအစာ မဟုတ်ပါ၊၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးတိုးခြင်းနှင့် ဇာတ်ကြောတက်ခြင်းများလည်း ဖြစ်တတ်ပါသည်၊၊ အစားအစာများသည် တန်လျင်ဆေး၊ လွန်လျင်ဘေး ဆိုသလို သင့်တင့်စွာ စားသုံးသင့်ပါသည်။ ဆူးပုတ်ရွက်များသည် နွေရာသီတွင် အထွက် နည်းပြီး ဈေးကောင်းသော်လည်း ယခုလိုမိုးတွင်းအခါတွင် ဈေးများပြန်လည် ကျဆင်းလာပါသည်ဟု ကုန်စိမ်း ရောင်းသူဈေးသည်များထံမှ သိရှိရပါသည်။ DOCA(ပဲခူး)