
တောင်ငူမြို့ ဈေးများသို့ မြို့၏ အနီးတဝိုက် ရွာများမှ ရာသီအလိုက် ဒေသထွက် သီးနှံများ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါ ရခိုင်ငှက်ပျောသီးများ အရောင်းအဝယ်ဖြစ်နေသည်။
ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး (အသေး) ၁ ဖီး ၁၅၀၀ကျပ် ၊ (၁၀)ဖီး ယူလျှင် ၁၃၀၀ကျပ်ဖြစ်ပြီး၊ အလတ် (၁)ဖီး ၂၀၀၀ ကျပ် ၊ (၁၀)ဖီး ယူလျှင် ၁၈၀၀ ကျပ်၊ အကြီး (၁)ဖီး ၃၀၀၀ ကျပ်၊ (၁၀)ဖီး ယူလျှင် ၂၈၀၀ ကျပ်ထိဖြစ်ပြီး အများဈေးယူလျှင်လည်း ဈေးနှုန်းအနည်းငယ်သာ အပြောင်းအလဲ ရှိသည်။
ဈေးနှုန်းအနည်းငယ်မြင့်တက်သော်လည်း ယခုအခါ ဝါးတွင်း ကာလရောက်ခါနီးတွင် မြန်မာဓလေ့အရ ဝါဝင်/ဝါထွက် နတ်ပွဲများ တင်ကြသည့် ထုံးထမ်းအစဉ်အလာများ ရှိကြပြီး ရခိုင်ငှက်ပျောသီးများ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ရောင်းချသည့် ဈေးသည်များထံမှ သိရှိ ရသည်။
DOCA(ပဲခူး)