
ဇူလိုင်လ ဒုတိယအပတ်တွင် တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း /အပြင်ရှိ ဆိုင်များနှင့် ရက်ကွက်များရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဇူလိုင်လ(၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေ အနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် စည်ပင်သာယာဈေးမှ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ အုန်းပင်စုရပ်ကွက်ရှိ မိဘမေတ္တာ ဆန်ဆိုင်၊ မင်းသီဟဆန်ဆိုင်၊ အောင်ကြည်ညွှန့်ဆန်ဆိုင်၊ စည်ပင်သာယာဈေးအတွင်းရှိ ကျော်ရဲလင်းကုန်စုံဆိုင်၊ ဒေါ်သင်းသင်းအေး ကုန်စုံဆိုင်၊ ဒေါ်စိုးစိုး ကုန်စုံဆိုင်၊ ဒေါ်ကောက်ကုန် ခြောက်ဆိုင်၊ ဒေါ်ဝင်းဝင်းရီ ကုန်ခြောက်ဆိုင်၊ ဦးလှဆွေ ကြက်သားဆိုင်၊ ဦးမောင်စိုး ဝက်သားဆိုင်၊ ဦးလှရွှေ ဆိတ်သားဆိုင်၊ ဒေါ်သန်းသန်းဦး အမဲသားဆိုင်၊ ဒေါ်စန်းညွှန့် ရေချိုရေငံငါးပုစွန် အရောင်းဆိုင်၊ မအင်းယား ကြက်ဥ၊ဘဲဥ လက်လီလက်ကား အရောင်းဆိုင်၊ ဒေါ်ခင်စောလှိုင် ငါးပိငါးခေါက် အရောင်းဆိုင်၊ ဦးစိုးတင့် ကုန်စိမ်းဆိုင် စသည်တို့တွင် ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းလေ့လာခဲ့ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ သိသိသာသာ ကွာခြားချက်မရှိဘဲ စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်း လာသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)