
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စားအုန်းဆီလက်လီလက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ ဇူလိုင်လ(၇)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် စားသုံး သူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများထံသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစိစစ်ကြပ်မတ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစိစစ် စစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော ကိုယ်စားလှယ် ဦးစိန်လင်း၏ အရောင်းဆိုင်နေရာသို့ သွားရောက်တွေ့ဆုံခဲ့ပြီး စားအုန်းဆီခွဲတမ်း ရရှိနေသည် ကုမ္ပဏီအမည်၊ စားအုန်းဆီခွဲတမ်းရရှိသည့် ပေပါ၊ ပိဿာ၊ တစ်ရက်ဖြန့်ဖြူးရောင်းချသော ပမာဏ၊ လူတစ်ဦးလျှင် တစ်ရက်ဖြန့်ဖြူးရောင်းချသော ပမာဏနှင့် လက်လီလက်ကား ဈေးနှုန်းများအား စာရင်းကောက်ယူခဲ့ပြီး ထုတ်ယူရရှိသည့် ပေပါနှင့်ပြန်လည် ဖြန့်ဖြူးသည့်ပေပါ ပမာဏ စာရင်းကိုက်ညီမှုရှိ/မရှိ၊ စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန်အတွက် ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်းအမြတ် ထက်ပို၍ ပြန်လည်ဖြန့်ဖြူးရောင်းခြင်းများမရှိစေရေးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစိစစ် ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)