
မိုးရာသီတွင် ပေါများစွာထွက်ရှိသော မျှစ်များကို မြိတ်မြို့ပေါ်ရှိစျေးများတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အပြင် စားဖိုဆောင်သီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန် ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊အပြုတ်၊ အတို့အမြုပ်အဖြစ်လည်း စားသုံးကြသည်။ ချဉ်သောအရသာရှိ၍အနံ့ ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့် ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည် ဖြစ်ပါ သည်။
ရာသီပေါ်သီးနှံဖြစ်သောကြောင့်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော မျှစ်ချဉ် ကို တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ငါးဆယ်သားလျှင်(၅၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)