
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံးကြီး (၁)ပိဿာလျှင် (၁၆၀၀၀မှ ၁၈၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၆၅၀၀မှ ၁၂၀၀၀)ကျပ်နှင့် ဗမာဖြူ (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ဒေသထွက်ကြက်သွန်နီ အလုံးကြီး (၁) ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၁၆၀၀)ကျပ်၊ မြစ်သားကြက်သွန်နီ (၁)ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
Doca(စစ်ကိုင်း)