မအူပင်မြို့နယ်ရှိ ငါးဖယ်ဈေးကောင်း

Powered by Drupal
မအူပင်မြို့နယ် ဈေးကွက်တွင် ငါးဈေးများကောင်းမွန်လျက်ရှိသည်။ ၂၀၂၅ခုနှစ် ဇွန်လ တို့တွင် ငါးဖယ်များ မြစ်ထဲမှ ဖမ်းယူရရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်ထက် ဈေးကောင်းပိုမိုရရှိလျက်ရှိသည်။ ငါးဖယ်ကို ဈေး ကွက်၌ အကောင်အတိုင်းရောင်းချပါက ၁၀ဆယ်သားလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချသည်။ အသားကိုခြစ်၍ ငါးဖယ်ခြစ်အဖြစ်ရောင်းချပါက ငါးဖယ်ခြစ် ၁၀ဆယ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ ယခုနှစ်မှ ငါးဖယ်ခြစ်ဈေးပိုမိုမြင့်တက်လာပြီး ယခင်နှစ်ဈေး ၁၀ဆယ်သားကို (၂၈၀၀-၃၀၀၀-၃၅၀၀) ကျပ်ဖြင့်သာ ရောင်းချကြော်ငး ငါးဖယ်ခြစ်ရောင်းချသူထံမှ သိရသည်။ ငါးဖယ်ခြစ်ကို ရန်ကုန်မှ မှာယူကြကြောင်း တစ်ခါ မှာယူပါက ၅ပိဿာခန့် ခြစ်၍ ရေခဲဗုံးဖြင့် တင်ပို့ကြောင်း၊ ၁လလျှင် ၁၁၅ပိဿာနီးပါး တင်ပို့ပေးရကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)