ရန်ကုန်မှ ရွှေဖရုံသီများ မအူပင်ဈေးကွက်အတွင်း ဝင်ရောက်

Powered by Drupal
ရွှေဖရုံသီးသည် နွေရာသီတွင် စိုက်ပျိုးကြပြီး ၄လအကြာတွင် ဈေးကွက်ဝင်သော သီးနှံဖြစ်ကြောင်း သိရသည်။ မအူပင်တွင် ရွှေဖရုံသီးစိုက်ပျိုးသူများရှိပြီး ယခုမိုးရာသီတွင် စိုက်ပျိုးခြင်း မရှိပါ။ ပွင့်လင်းရာသီတွင် စိုက်ပျိုးကြပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း၊ စီးပွားဖြစ်စိုက်ပျိူးခြင်းများလည်း ရှိကြသည်။ ရန်ကုန် ဈေးကွက်မှ ရွှေဖရုံသီးများ မှာယူ၍ မအူပင်တွင် ရောင်းချနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။ ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီ သေး ၁လုံးလျှင် ၈၀၀ကျပ်၊ ရွှေဖရုံသီအကြီး ၁လုံးလျှင် ၁၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ ရန်ကုန်မှ တစ်ပတ်လျှင် ၂ကြိမ်ကုန်ကားများဖြင့် မှာယူရောင်းချပြီး ၊ ရွှေဖရုံသီး ၁ခြင်းတွင် အလုံး၁၀၀ခန့်ပါဝင်ပြီး အလုံး ၁၀၀ တစ်ခြင်းလျှင် ငွေကျပ် ၈၀၀၀၀ဖြင့် ဝယ်ယူရသည်။ အလုံးအသေး၊ အကြီးပေါ်မူတည်၍ မအူပင် ဈေးကွက်အတွင် ခွဲခြားပြီး ပြန်လည်ရောင်းချကြောင်း သိရသည်။ ရွှေဖရုံသီးမှာ ကယ်လိုရီ၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိုက်၊ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်စီ၊ ပိုတက်ဆီယမ်တို့ အဓိကပါဝင်ပြီး စားသုံးသင့်သော သီးနှံဖြစ်ပါသည်။ DOCA(ဧရာဝတီ)