ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းဈေးကွက်

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင် မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်ဥများ ဈေးအနည်းငယ် ကျ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၀၀၀၊ ၄၂၀၀၊ ၄၅၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ ယခင်ဇွန်လ(ပထမပတ်) တွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်အတွင်း ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀) ခန့်ဈေးကျပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာတစ်မျိုး ဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရ သော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်း ကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ DOCA(မကွေး)