ပခုက္ကူမြို့ ပွဲရုံဈေးကွက်တွင် မြေပဲဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထားစိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်သို့ ဆီထွက်သီးနှံမြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မြေပဲအသစ်များ ဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံနှင့်မြေပဲအတောင့် များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသော မြေပဲအတောင့်နှင့် အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ် လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲတောင့်/အဆံမှာ အရည်အသွေး နှင့်ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။ ပြည်တွင်းစားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်း ဆုံ/ ဆီစက်များ တွင်ကျယ်စွာထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအားကောင်းပြီး ဈေးကွက်သိသိ သာသာကျဆင်းခြင်းမရှိ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။ ပဲဖတ်ဈေးမှာလည်း ပြည်တွင်းမွေးမြူရေး အစားအစာဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှု အနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုး မြင့်ထုတ်ကုန် နှမ်းဖတ်ချဉ်အဖြစ် ထုတ်လုပ်ရောင်းချရမှာလည်း စားသုံးသူဈေးကွက် ကောင်းမွန် ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင် များမှလည်း မြေပဲဆုံပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ်လုပ်ခြင်းအတွက် ပြန်လည်ဝယ်ယူမှု များ၍ ပဲဖတ်ဈေးကွက် မှာလည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။ ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမ ပတ်)တွင် မြေပဲဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၅၀၀ - ၅၀၀၀ - ၄၅၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၉၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၉၃၀၀-၉၂၀၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၈၆၀၀-၇၀၀၀)၊ ဆုံမြေပဲဖတ်(အခွေ) တစ်ပိဿာလျှင် ကျပ်(၄၃၀၀-၄၂၀၀)၊ စက်ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၄၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်ဇွန်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်း ယှဉ်ပါကမြေပဲဆံတစ်ပိဿာလျှင် ကျပ်(၂၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၁၅၀)ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှု များခြင်းအပြင် မန္တလေးဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း ယခုရာသီချိန်ကာလတွင် သီးနှံပေါ်ချိန် မဟုတ်၍ စိုက်တောင်သူများမှ ရောင်းချမှုနည်းပြီး မြို့ပေါ်ရှိ ဝယ်လက်ကုန်သည်ကြီးများမှ ဝယ်ယူ သိုလှောင်ထားရှိသော မြေပဲဆံ၊ မြေပဲတောင့်များ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ DOCA(မကွေး)