“နွားမွေးမြူရေးနှင့်နွားစျေးကွက်”

Powered by Drupal
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်၊လက်ပန်ကျေးရွာရှိနွားပွဲစျေးမှ (၇)ရက်လျှင် တစ်ကြိမ်ရောင်းဝယ်လျှက်ရှိပါသည် ။ ယခုလက်ရှိအချိန်တွင် နွားထီးအကြီး စျေးမှာ စျေးကွက်အခြေအနေမကောင်းဖြစ်နေ၍ အရောင်းအဝယ်အေးနေကြောင်းနှင့်ယခုလက်ရှိ နွားထီး သွား(၄)ချောင်းစိုက် နွားသိုးများသာ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။နွားသိုး များအရောင်းအဝယ်စျေးကောင်းရနေခြင်းမှာ နွားသိုးများကို အမဲသားစျေးကွက်နှင့်တွက်ချက် ဝယ်ယူ ပြီးအမဲသားထွက်ရှိမှုမှာ နွားကြီးများထက် အမဲသားပိဿာချိန် ပိုမိုထွက်ရှိခြင်းကြောင့်ဖြစ် ကြောင်း၊ နွားကြီးစျေးကွက်အရောင်းအဝယ်အေးနေရခြင်းမှာ ယခုလက်ရှိအချိန်တွင် တရုတ် ကုန်သွယ်မှု လမ်းကြောင်းပိတ်ထား၍ တရုတ်ပြည်မှ နွားများအဝယ်ရပ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခု လက်ရှိအချိန်တွင် နွားသိုးများသာ ပြည်တွင်းရောင်းဝယ်မှုအတွက် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်၍ စျေးနှုန်းများမြင့်တက်နေရပြီး ယခုလက်တလော နွားထီးစျေးနှုန်းမှာ နွားထီးသွား(၄)ချောင်းစိုက် တစ်ကောင်လျှင်(၁၇၀၀၀၀၀-၂၀၀၀၀၀၀)ကျပ ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နွားထီး သွား(၆)ချောင်းစိုက်တစ်ကောင်လျှင်(၂၅၀၀၀၀၀-၃၀၀၀၀၀၀) ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရပါသည်။နွားကြီးစျေးအနေဖြင့် ယခင်စျေး နွားကြီးသွားစုံအတစ်ကောင်လျှင် (၁၈၀၀၀၀၀-၂၃၀၀၀၀၀)ကျပ်ရှိခဲ့ရာ ယခုကာလ ပေါက်စျေးအနေဖြင့်(၂၅၀၀၀၀၀-၂၈၀၀၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ ယခုအချိန်တွင် နွားကြီးများမှာ တစ်ကောင်စ ၊ နှစ်ကောင်စ တောင်သူများ ခိုင်းရန်အတွက် လာရောက် ဝယ်ယူနေသည်ကိုသာ တွေ့ရှိရပြီး ဝယ်လက်နည်းကြောင်း၊ နွားကြီးများသည် တရုတ်ဝယ်လက် အကြိုက်ဆုံးနွားများဖြစ်ပြီး တရုတ်ဝယ်လက်များအား အဓိကထားရောင်းချနေရ သောကြောင့် ယခုလက်ရှိအချိန်တွင် တရုတ်ဝယ်လက်ရပ်နားထား သောကြောင့် နွားကြီးစျေးကွက် အေးနေရခြင်းဖြစ်ကြောင်း ၊ နွားခြံ ပိုင်ရှင်၏ ပြောကြားချက် အရသိရှိရပါသည်။ DOCA(မန္တလေး)